သံတောင်ကြီး မေ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးနယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွား ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မေလ(၁၁)ရက်နေ့က သံတောင်ကြီးမြို့နယ် မိတ်သလင်တောင်ကျေးရွာနှင့် ပျားစခန်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာဇင်မျိုးအောင်နှင့်ဝန်ထမ်းများက ကျွဲ၊ နွားကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ