လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသည့် ကရင်ပြည်နယ်မှ လူရည်ချွန်မောင်မယ်များအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

ဘားအံ မေ ၁၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကရင်ပြည်နယ်မှ လူရည်ချွန်မောင်မယ် ကျောင်းသား၊ ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ ဧပြီလ ၃၀ ရက်နေ့တွင်ကရင်ပြည်နယ် ဘားအံမြို့မှစတင်ပြီး လေ့လာရေးခရီးသွားရောက်ခဲ့ကြကာယမန်နေ့ညနေပိုင်းက ပြန်လည်ရောက်ရှိရာ ကရင် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့်အတူ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်များ၊ အခြေခံပညာဦးစီးဌာနမှဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက ဘားအံမြို့လူငယ်စင်ရှေ့၌ သောင်းသောင်းဖြဖြကြိုဆို ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါတက္ကသိုလ်၊ ကောလိပ်များမှ လူရည်ချွန်မောင်မယ်(၈)ဦးသည် ချောင်းသာလူရည်ချွန်စခန်းနှင့် အခြေခံပညာဦးစီးဌာနက ပြင်ဦးလွင်လူရည်ချွန်စခန်းသို့ Grade-9 မှ (၃)ဦး၊ အင်းလေးလူရည်ချွန်စခန်းသို့ Grade-10 မှ (၄)ဦး၊ ငွေဆောင်လူရည်ချွန်စခန်းသို့ Grade-11မှ (၄)ဦး၊ နေပြည်တော် လူရည်ချွန်စခန်းသို့ Grade-12 မှ (၂)ဦး၊ စုစုပေါင်း (၂၁)ဦးတို့သည်လေ့လာခရီးမှ ပြန်လည်ရောက်ရှိလာပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လူရည်ချွန်မောင်မယ် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးကြိုဆို ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)