အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများအတွက် စာရေးကိရိယာများထောက်ပံ့လှူဒါန်းပွဲကို ယနေ့သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးကွက်ရောက် ကုန်စည်များ၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန်ရည်ရွယ်၍ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်းရှိ/မရှိအား ယနေ့မွန်းလွဲ (၁) နာရီက ကွင်းဆင်းစစ်ဆေးသည်။
Aug 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက "ဥပဒေဆိုင်ရာအခြေခံအသိအမြင် ပညာပေးဟောပြောပွဲ" အခမ်းအနားကျင်းပရာ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊  သင်ကြား/စီမံအရာရှိများ၊ ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်သည်။
Aug 14,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က(ညောင်ကုန်း)ကျောင်း၌ ပြုလုပ်သည်။
Aug 14,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ကျောင်းကောင်စီဥက္ကဋ္ဌဖလား အသင်းငါးသင်း ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
Aug 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.မ.က(ကြိုးကြာ)ကျောင်း၌ ပြုလုပ်ခဲ့သည်။
Aug 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မယ်ဆိုင် ချောင်းရေမြင့်တက်လာခြင်းကြောင့် သြဂုတ်လ ၁၃ ရက်နေ့မှစ၍ ဒုတိယအကြိမ် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။