မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်‌တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

မိုင်းရယ် စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာများ၌ ကြေငြာထားရှိသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ‌ကြေငြာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ဝင်များက မဲရုံများအလိုက် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအ‌နေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်း‌ပေးရန်နှင့် မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေးအတွက် လျှောက်ထားရန်တို့အား ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့က ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်သည်။ မိုင်းရယ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၃)အုပ်စုတွင် မဲရုံ(၂၉)ရုံတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ကြေညာထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)