တံတားဦးမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများ ဝန်ထမ်းနှင့်မှီခိုမိသားစုဝင်များအား ဇွန်လ (၁) လအတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

တံတားဦး စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများ၊ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင်များအား ၂၀၂၅ ခုနှစ် ဇွန်လ (၁) လအတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၃၀ ရက်နေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဘေးသင့်ပြည်သူများ၊ ဝန်ထမ်းနှင့် မှီခိုမိသားစုများအား ၂၀၂၅ ခုနှစ် ဇွန်လ (၁) လ အတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် ဇွန်လ (၁) လစာအတွက်  ဆန်ရိက္ခာများကို ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်း ငလျင်ဘေးသင့်ပြည်သူ (၇၁၈၁) ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ (၁) လစာအား ပထမအကြိမ်အဖြစ် (၁) ဦး လျှင် (၅၂၉၆၁.၄၂) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၈၀.၃၁၆) သန်းကိုလည်းကောင်း၊ ဒုတိယအကြိမ်တွင် ငလျင်ဘေးသင့်ပြည်သူများ၊ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင်များ စုစုပေါင်း (၉၄၀၇ )ဦးအား ဆန် (၂၉၃၉.၆၉) အိတ်၊ ဆီ (၄၆၅) ပိဿာ၊ ဆား (၁၈၆) ပိဿာ၊ ပဲ (၉၃၀) ပိဿာ၊ ငါးပိ (၉၃) ပိဿာတို့အား ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယနေ့ထောက်ပံ့မှုမှ တတိယအကြိမ်အဖြစ် ငလျင်ဘေးသင့်ပြည်သူများ၊ ဝန်ထမ်းနှင့် မှီခိုမိသားစုများ စုစုပေါင်း (၉၄၀၇) ဦးအား ၂၀၂၅ ခုနှစ် ဇွန်လ (၁) လအတွက် စုစုပေါင်းဆန် (၂၉၃၉.၆၉) အိတ်အား ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)