ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းများ လာရောက်ကြည့်ရှုနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိ

ချမ်းမြသာစည် စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်း၌ မကြာမီ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် မဲ‌ပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများအား ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃-၁၀-၂၀၂၅ ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်းနှင့်  မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်မပါရှိပါက တောင်းဆိုလွှာ ပုံစံ (၃) ၊မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ကန့်ကွက်လွှာ ပုံစံ (၄)၊ မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည် စသဖြင့် ကွဲလွဲမှားယွင်းနေပါက ပုံစံ ၄(က)ဖြင့် ပြင်ဆင်နိုင်‌ကြောင်းတို့ကို မဲဆန္ဒရှင်များ သိရှိနိုင်ရန်နှင့် အဆိုပါပုံစံများအား ရပ်ကွက်ကော်မရှင်ခွဲများထံတွင် အခမဲ့(အခမဲ့) ထုတ်ယူနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ထံမှ သိရသည်။

ချမ်းမြေ့ (ချမ်း/စည်)