အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2024
ဝါခေါင်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားလာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။
Aug 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက်(၉) နာရီ (၃၀) မိနစ်အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Aug 19,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မရိုးတောကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကျော်ဆန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Aug 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက်ကွာဟမှု လျော့နည်းလာစေရေးအတွက် ကျေးရွာများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖြစ် အရင်းအပျောက်မတည်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက‌ လေးဆယ်ကုန်းကျေးရွာနေ ပြည်သူများအား (အဋ္ဌမ)အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Aug 19,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၁၁) နာရီခွဲက မိုင်းဆတ်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖတို့အား အောင်ဇေယျဘက်စုံအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Aug 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားရရှိစေရန်အတွက် ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများသို့ သုတ၊ ရသစာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Aug 19,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ ဌာနဆိုင်ရာများ စုပေါင်းကာ ယနေ့နံနက်ပိုင်းက ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ဆောင်ရွက်ခဲ့သည်။
Aug 19,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာအုပ်စာပေဝါသနာပါသူ ( Club )အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာမောင်နန္ဒ(မြစ်ကြီးနား) ရေးသားပြုစုသည့် “ဘဝထဲက အမှတ်တရများ” ပထမတွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။