ချမ်းမြသာစည် စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ မဲစာရင်းများကို ယနေ့ နံနက်ပိုင်းက စတင်ကာ ပထမအကြိမ် ကပ်ထားကြေညာသည်။
အဆိုပါ ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးလွင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်ကပ်ထား ကြေညာသည့် မဲစာရင်းတွင် အမည်စာရင်း မပါ၀င်သူများက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းခံခြင်း၊ မပါ၀င်သင့်သူများအား ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းမှုများအား ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ချမ်းမြေ့ (ချမ်း/စည်)