တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရင်းနှီးမြှုပ်နှံမှုကော်မတီ(၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ထားဝယ်        စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ်ဦးမြတ်ကို က ရင်းနှီးမြှပ်နှံမှုသည် တိုင်းဒေသကြီးအတွက် မရှိမဖြစ်သော လိုအပ်သောလုပ်ငန်းဆောင်ရွက်မှုဖြစ် ကြောင်း၊ တိုင်းဒေသကြီးတိုးတက်မှု ရှိ မရှိ တိုင်းတာသည့်နေရာတွင်တိုင်းဒေသကြီးအတွင်းရှိာ ရင်းနှီးမြှပ်နှံမှုနှင့်ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ချိန်ဆ၍တွက်ချက်ကာ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း၊  နောက်လာမည့်နှစ်များတွင် တိုင်းဒေသကြီး၌ ပိုမို၍ရင်းနှီးမြှပ်နှံမှု များပြားလာနိုင်ကြောင်း၊ တိုင်းဒေသကြီးတွင် ရေနက်ဆိပ်ကမ်း၊ ငါးလေလံဈေးနှင့်ကျန်ရှိသော နယ်မြေဒေသများတွင်ဆောင်ရွက်ကြမည့် မွေးမြူရေးလုပ်ငန်းအပါအဝင်ဆက်စပ်သော ကိစ္စရပ်များ၊ အထူးသဖြင့် နယ်မြေဒေသအေးချမ်းသာယာရေးအပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံမှုပိုမိုများပြားလာနိုင်ကြောင်း၊ လောင်းလုံးကမ်းခြေ ဒေသတစ်လျှောက်၌ ယခုအချိန်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများအပြားဝင်သောကာလဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသားများ သွားလာဝင်ရောက်မှုအခက်ခဲရှိပြီး ရင်းနှီးမြှုပ်နှံမှုတုံ့ဆိုင်းနေရကြောင်း၊ ယခု အစည်းအဝေး၏ ဆွေးနွေးမှုရလဒ်များသည် တန်ဖိုးရှိသောကြောင့် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Kyaw Kaung Htet Co., Ltd. က ကွင်းအမှတ်(၉-OSS)၊ ပထော်ကြေးတိုင်ပြင်ကွင်း၊ မအိုင်ကျေးရွာအုပ်စု ကျွန်းစုမြို့နယ် မြိတ်ခရိုင် မြေဧရိယာ(၉၈) ဧကတွင် ခေတ်မီရေငန် ပုစွန်မွေးမြူရေးလုပ်ငန်း တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ ကွင်းအမှတ် (၁၀၄၊ ကျောင်းရာမော်ကွင်း)၊ သပြေချောင်းကျေးရွာအုပ်စု ထားဝယ်မြို့နယ်တွင် အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော Khant Shwe Pyi Co., Ltd. က တည်ဆောက်ရေးကာလ ဒုတိယအကြိမ် တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ဦးပိုင်အမှတ် (N-17 ၊ N-၂၇) ၊ ကွင်းအမှတ် (၂၇-OSS)၊ ကြေးတိုင်ပြင် ကွင်း၊စမ်းလှမ်းကျေးရွာအုပ်စု၊ လောင်းလုံးမြို့နယ်တွင် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသော San Lan Lodge Co., Ltd. က မူလအတည်ပြုမိန့်ပါ တည်ဆောက်ရေး ကာလ ပထမအကြိမ်တိုးမြှင့် ခွင့်ပြုပါရန်တင်ပြလာခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီချုပ်က ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်ဆက်)