အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများ နေ့စဥ်လူမှုဘဝစားသောက်ရာတွင် တန်ဖိုးသင့်စားသောက်ကုန်များ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ကျွန်းရွှေဝါလမ်းဘေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Aug 20,2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မော်လမြိုင်ဇုန်)နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း(မော်လမြိုင်ဇုန်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံအိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ Hotel ks ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူများ၊ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဟိုတယ်မန်နေဂျာများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်သည်။
Aug 20,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တဝရွှေဂူကြီးဘုရားအာရုံခံတန်ဆောင်းတွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
Aug 20,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။
Aug 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ စာပေဖတ်ရှုတက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) အနုပညာခန်းမ၌ စာရေးဆရာမ ဒေါက်တာ မတင်ဝင်းရေးသားသည့်  "လွတ်လပ် ပေါ့ပါးသောစိတ်ရှိပါစေ" စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်း‌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 20,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် (အ-ထ-က)ကျောင်း မိုးရာသီအလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာ အားကစားကွင်းတွင် ကျင်းပခဲ့သည်။
Aug 20,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Aug 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ကြသော ကျောင်းသား/သူများနှင့် မြို့နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပို့ချခဲ့သော ဆရာ/များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအား သြဂုတ်လ (၂၀)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က (၃)ကျောင်း မြမဉ္ဇူခန်းမတွင် ကျင်းပပြုလုပ်သည်။