ကော့သောင်းမြို့တွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးနှင့် တိုင်ကြားမှုယန္တရားများ၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာများ ဆွေးနွေး

ကော့သောင်း ‌စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည် ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာများဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

အခမ်းအနားတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်က အမှာစကားပြောကြားသည်။ ယင်းနောက် အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်သန်းသန်းဝင်းက  ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများ၊ ကျား၊မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးဆုံးဖြတ်ပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)