အမြို့မြို့အနယ်နယ်သတင်းများ

May 12,2026
(၁၄)ကြိမ်မြောက် စစ်တ္ကသိုလ်မိသားစု ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာအခမ်းအနားကို မေ ၉ ရက် နှင့် ၁၀ ရက်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)ရှိ တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်နှင့် စစ်တက္ကသိုလ်ရှိ အောင်ဇေယျခန်းမတို့တွင် ကျင်းပပြီး မေ ၁၀ ရက်နံနက်ပိုင်းက သိမ်ဆင်းလောင်းလှူပွဲ အခမ်းအနားကို ကျင်းပရာ တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော်၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ​ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ဥာ​ဏောဘာသ အမှူးပြုပြီး ဆရာတော်သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူသည်။
May 12,2026
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်းနှင့် English Grammar သင်တန်းများကို မတ်လ ၂၆ ရက်နေ့ကစတင်၍ ဖောင်းပြင်မြို့၊ အမှတ်(၈၇) မူလွန်ကျွန်းရွှေဝါ ကျောင်း၌ ပညာဒါနအဖြစ် အခမဲ့ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲကို မေ ၅ ရက်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 12,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဂန့်ဂေါခရိုင် ဘဏ်ခွဲရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စိုက်ပျိုးစရိတ် ချေးယူမည့်တောင်သူများ တက်ရောက်သည်။
May 12,2026
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့မှုများ ဖြစ်ပေါ်ခဲ့သည့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများကို အစီအမံများ ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါပြီး မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက လုပ်ငန်းပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
May 12,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။
May 12,2026
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
May 12,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက လက်စွပ်ကျကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
May 12,2026
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက် များဖောင်ဒေးရှင်း အဖွဲ့တို့ပူးပေါင်း၍ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူ  လူငယ်လေးများ အသိပညာဗဟုသုတ ရရှိစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မေလ (၁၀)ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊  တော်ပုံအင်ကြင်းဖိုကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။