ချမ်းအေးသာစံ မေ ၁၂
(၁၄)ကြိမ်မြောက် စစ်တ္ကသိုလ်မိသားစု ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာအခမ်းအနားကို မေ ၉ ရက် နှင့် ၁၀ ရက်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)ရှိ တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်နှင့် စစ်တက္ကသိုလ်ရှိ အောင်ဇေယျခန်းမတို့တွင် ကျင်းပပြီး မေ ၁၀ ရက်နံနက်ပိုင်းက သိမ်ဆင်းလောင်းလှူပွဲ အခမ်းအနားကို ကျင်းပရာ တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော်၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ဥာဏောဘာသ အမှူးပြုပြီး ဆရာတော်သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ ပြင်ဦးလွင်တပ်နယ်မှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွဋ်ခေါင်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အရာရှိ စစ်သည်မိသားစုများနှင့် ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက တပ်ဦးမဟာဂန္ဓာရုံ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်၍ နဝကမ္မဝတ္ထုငွေများ လှူဒါန်းခဲ့သည်။
သိမ်ဆင်းလောင်းလှူပွဲတွင် တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက် ဦးစီး ပဓာနနာယကဆရာတော် အမှူးပြုပြီး ဆရာတော်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ပြင်ဦးလွင်တပ်နယ်မှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ အရာရှိ စစ်သည် မိသားစုများက လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများ လောင်းလှူခဲ့ကြပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)