Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
May 12,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်သမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယမန်နံနက်ပိုင်းက စံကင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
May 12,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ မိုးရာသီစိုက်ပျိုးစ ရိတ်ချေးငွေများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးစရိတ်များထုတ်ချေးပေး
May 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက် (၁၀၀) စီမံချက်ဖြင့် တောင်သူများအား စိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေးပေးခြင်းနှင့် ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုး စရိတ်များထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်တွင် ထုတ်ချေးပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး လိုက်လံဆောင်ရွက်
May 12,2026
အစိုးရသစ် ရက် (၁၀၀) စီမံချက်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေး (အော်တိုအိတ်ချိန်း) တို့ပူးပေါင်း၍ အမြင်မတင့်တယ်သောဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဇလုပ်ကြီးကျေးရွာ၌ ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(ခန်းမ)၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ
May 12,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက မိမိတို့ဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်ပေးနေသည့် ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊လူငယ်၊လူလတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များသို့ လက်ဝယ်အရောက်စာငှားစနစ်ဖြင့်ဆောင်ရွက်ပေးနေကြောင်း စာကြည့်တိုက်ကိုအသုံးချတတ်စေရန် စာဖတ်ခြင်းဖြင့်အကောင်းအဆုံး အမှားနှင့်အမှန်ကို ခွဲခြားတတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး ဆက်လက်၍ နွေရာသီကာလရောက်ရှိနေသောကြောင့် အပူဒဏ်ကာကွယ်ရေးနည်းလမ်းများ၊ အပူရှိန်ပြင်းထန်သောကြောင့် ခံစားရသောလက္ခဏာများကြောင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(ခန်းမ)၌ အသိပညာပေး ဟောပြောခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ ဈေးများမီးဘေးလုံခြုံရေးအသိပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 12,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ဈေးများမီးဘေးလုံခြုံရေး အသိပညာပေးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ညနေပိုင်းက မြို့မဈေး၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့၌ ပုံမှန်ကာကွယ်ဆေးတိုက်နှင့်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်
May 12,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)လမှ (၁)ခွဲအထိ ကလေးသူငယ်များကို ပုံမှန်ကာကွယ်ဆေးတိုက်ကျွေခြင်းနှင့် ပုံမှန်ဆေးထိုးခြင်းလုပ်ငန်းများကို မေလ(၁)ရက်နေ့မှ မေလ(၄)ရက်နေ့အထိ ကျန်းမာရေး၀န်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
277
Page
278
Page
279
Page
280
Current page
281
Page
282
Page
283
Page
284
Page
285
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department