ကော့သောင်း အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို စက်တင်ဘာ (၃၀)ရက်နေ့မှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကော့သောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ လိုအပ်သောပုံစံ များကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့(အခမဲ့)ထုတ်ယူနိုင်ပြီး အဆိုပါပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို ကော့သောင်းမြို့နယ်အတွင်းရှိရပ်ကွက်(၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀)အုပ်စုတို့တွင် စက်တင်ဘာ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃)ရက်နေ့ထိ (၁၄)ရက်ကြာ ကြေညာထားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)