တွံတေး၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)နှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

တွံတေး အောက်တိုဘာ ၆

၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ၆ရက်သည်  ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ယနေ့ မွန်းတည် ၁၂နာရီ က ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွှေဆံတော်ဂေါပကအဖွဲ့တို့မှကြီးမှူး၍   မြို့နယ်အတွင်းရှိ အရုဏ်ဆွမ်းကြွသော ဘုန်းတော်ကြီးကျောင်း (၈၂)ကျောင်းမှ သံဃာ့တော် အရှင်သူမြတ်အပါး(၇၉၉)ပါးတို့အား တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေး၊မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ မြို့ပေါ်(၈)ရပ်ကွက်နှင့်ကျေးရွာများမှ စေတနာရှင် ပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူခြင်းဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ကုသိုလ်ဒါနပြုကြသူများ၊ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်းသိရှိရသည်။

မျိုးလှိုင် တွံတေး