မိုင်းယုမြို့၌ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မအခါတော်နေ့)အခမ်းအနားကျင်းပ

မိုင်းယု အောက်တိုဘာ   ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အဘိဓမ္မအခါတော်နေ့ အခမ်းအနားကို  သီတင်းကျွတ်လပြည့်နေ့၊ နံနက်ပိုင်းက မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပသည်။

အဆိုပါ အဘိဓမ္မအခါတော်နေ့အခမ်းအနားကို ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များထံမှ အလှူရှင်ဒါယကာ၊ ဒါယိကာမများက ရှစ်ပါးသီလခံယူဆောက်တည်ကြခြင်း၊ ဆရာတော်များ ဟောကြားသည့် တရား ဒေသနာတော်များကို တက်ရောက်လာကြသည့် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံအလှူရှင်များက နာကြားကြခြင်း၊ ဆရာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ် လှူဒါန်း၍ ရေစက်သွန်းချအမျှဝေခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်