မိုးနဲ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဥပုသ်သီလဆောက်တည်ကြသူများနှင့် ကုသိုလ်ပြုသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးတွင် ဗုဒ္ဓဘာသာအနွယ်ဝင်များ၊ ကျေးရွာနေပြည်သူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ်ခြင်း၊ အာဟာရဒါနကျွေးမွေးခြင်းနှင့် ဥပုသ်သီလဆောက်တည်ကြသည်။
ထို့အပြင် ဝါတွင်းကာလ ဝါဆိုဝါကပ်ကြသော သံဃာတော်များအား သိမ်ဆင်း၌ သင်္ကန်း၊ ဝတ္ထုငွေ အစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် ညပိုင်းတွင် ဆီမီးပူဇော်ပွဲများဆက်လက် ထွန်းညှိပုဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)