သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာ

သာကေတ အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဖွင့်လှစ်ထားသော ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကပ်၍ ကြေညာထားရှိမှုအား ရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲဆန္ဒရှင်ပြည်သူများမှ မဲစာရင်းများ လာရောက်ကြည့်ရှုမှုအပေါ် တာဝန်ရှိသူများမှ စက်တင်ဘာ ၃၀ ရက်နေ့နံနက် ၁၀နာရီက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါမဲစာရင်းကြော်ငြာထားပေးသည့် ရက်ကွက် (၁၉) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးညွန့်ရှိန်၊ မြို့နယ်‌ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ်(သာကေတ)