မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ရပ်ကွက်များအလိုက် စတင်ကပ်ထားကြေညာထားရှိမှုအား တာ၀န်ရှိသူများ လိုက်လံကြည့်ရှု

မင်္ဂလာတောင်ညွန့် အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်များအလိုက် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီအချိန်က စတင်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၂၀ ရပ်ကွက်ရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမည်ဖြစ်ပါသည်။ အဆိုပါမဲစာရင်းများကို ကပ်ထားကြေညာရာသို့ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုပြီး ပြန်လည်ပြင်ဆင်လိုသည့် အချက်အလက်များကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်တွင် ပုံစံများတောင်းခံ၍ ဖြည့်သွင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။

အဆိုပါ မဲစာရင်းများကပ်ထားကြေညာရာ ရပ်ကွက်ရုံးများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲဝင်းထွန်းနှင့်အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြတ်မြတ်အေး (ပြန်/ဆက်)