လှိုင် အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က (၁၂) ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်း၊ လှိုင်မင်္ဂလာခန်းမ၌ ရပ်ကွက်နေပြည်သူများအား(အခမဲ့)ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေဆင့်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ အားပေးကာ အာဟာရ ဒါနများ လှူဒါန်းခဲ့ကြသည်။
ထို့နောက် အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်းကုသမှုအစီအစဉ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတို့မှ အထူးကုဆရာဝန်ကြီးများက ရပ်ကွက်နေ ပြည်သူများအား ရောဂါရှာဖွယ်စစ်ဆေးကုသပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ EGC,အာထွာဆောင်း (TV) ဓာတ်မှန်ရိုက်ပေးခြင်း၊ မျက်စိစမ်းသပ်ပေးခြင်း၊ မျက်မှန်များ အခမဲ့ပြုလုပ်ပေးခြင်း၊ သွားရောဂါများ စစ်ဆေးကုသပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းလူနာ(၅၅၃)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)