သင်္ဃန်းကျွန်း အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်တွင် မော်တော်ယာဥ်နှင့် လမ်းသွားလမ်းလာများ အဆင်ပြေချောမွေ့စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ သင်္ဃန်းကျွန်းမြို့နယ်တွင် အဖွဲ့များခွဲကာ လမ်းမီးတိုင်စိုက်ထူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
လမ်းလယ်မီးတိုင် စိုက်ထူခြင်းအား သင်္ဃန်းကျွန်းမြို့နယ် လက်ထောက်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းတိုး၏ ခေါင်းဆောင်မှုဖြင့် ၎င်းတာဝန်ယူရသည့် ဘဝမြင့်မှတ်တိုင်မှ ဘုရားလမ်းမှတ်တိုင်ထိ (၂၉) တိုင်အား အချိန်မီပြီးစီးနိုင်ရေး သက်ဆိုင်ရာပညာရှင်များက လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)