ရန်ကုန်ဗဟိုသားဖွားသင်တန်းကျောင်းမှ ဘက်စုံသားဖွားသင်တန်းသူများ မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့လေ့လာရေးလာရောက်

ဒဂုံ အောက်တိုဘာ ၄

ရန်ကုန်တိုင်ဒေသကြီး၊ ကျောက်တံတားခရိုင်၊ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ရန်ကုန်ဗဟိုသားဖွားသင်တန်းကျောင်း၊ ဘက်စုံသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ဘာသာရပ် စာတွေ့လက်တွေ့ သင်ကြားရန်ယမန်နေ့က လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

ရန်ကုန်ဗဟိုသားဖွားသင်တန်းကျောင်းတွင် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ် သင်တန်းတက်ရောက်နေသူ group-1 မှ သင်တန်းသူ(၁၆)ဦး တို့သည် year -2 semester-2 သင်ရိုးညွန်းတန်းတွင်ပါ၀င်သည့် Health care system in myanmar-2 (HCSM-1291) ဘာသာရပ်အတွက် စာတွေ့လက်တွေ့ သင်ကြားရန် မြို့နယ်ကျန်းမာရေးဌာနသို့ လာရောက်လေ့လာခြင်းဖြစ်ပြီး မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာရွှေပြည်မှ လူဦးရေနှင့် မြို့နယ်တွင်းရှိ ရပ်ကွက်များ ဆရာမနှင့်လူဦးရေ အချိုးထားရှိမှု အကြောင်း သင်ကြားပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် မွေးစမှအသက်(၂)နှစ်အထိ ကလေးများအား လအလိုက် ကာကွယ်ဆေးထိုးနှံပေးမှုကို သင်တန်းသူများမှလေ့လာ၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့(ပြန်/ဆက်)