တောင်တွင်းကြီးမြို့နယ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် တံတားအမှတ် - ၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတား ရေတိုက်စားမှုနေရာများအား ကြည့်ရှုစစ်ဆေး

တောင်တွင်းကြီး အောက်တိုဘာ ၄

ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံများသည့် စက်တင်ဘာ ၃၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပြည်-ပုဂံရထားလမ်းပိုင်းတွင် ရေတိုက်စားပြီး ရေလယ်တိုင်နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် ဝက္ကသေးကျေးရွာအနီးရှိ တံတားအမှတ် ၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်းတံတား၏ အခြေအနေ များအား ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ဆတ်သွား- ပရပ်ကြယ်လမ်းကြား ဝက္ကသေးကျေးရွာအနီးရှိ တံတာအမှတ် - ၃၄၃ ရန်ပယ်ချောင်းကူး ရထားလမ်း တံတား၏ တံတားရေလယ်တိုင်နိမ့်မှု ဖြစ်ခဲ့သည့် အမှတ် (၂) နှင့် အမှတ် (၃)အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ရထားခရီးစဥ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် တံတားပြန်လည်ပြုပြင်မည့် လုပ်ငန်း အစီအစဥ်များအား အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရေး၊ ပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံး ပြီးစီးနိုင်ရေးအတွက် လူအင်အား၊ စက်ယန္တယားအင်အားများကို စနစ်တကျ စုဖွဲ့အသုံးပြု၍ မြန်မာ့မီးရထားများ ပြန်လည်ပြေးဆွဲနိုင်ရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့သည်။

နောင်နောင်