မိုးကောင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ရပ်ကွက်အလိုက် ကပ်ထားကြေညာထားမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု

မိုးကောင်း အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောင်ပွဲတွင် ဆန္ဒမဲပေးကိုင်ခွင့်ရှိသူပြည်သူများ၏မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်အလိုက်ကြေညာကပ်ထားခြင်းကို မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောက်တိုဘာ (၃)ရက်နေ့တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မဲစာရင်းကြေငြာကပ်ထားသည့်နေရာသို့ မဲပေးရမည့် မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှု၍ မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း‌ပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါနေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါအချက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ပြုလုပ်နိုင်‌ေကြာင်း ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ပုံစံများနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက် ပေးနိုင်ရေး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မဲစာရင်းများကို ရပ်ကွက်၊ ကျေးရွာအလိုက် အုပ်ချုပ်‌ရေးမှူးရုံးအသီးသီးတို့၌ စက်တင်ဘာ(၃၀)ရက်မှ အောက်တိုဘာ (၁၃)ရက်ထိ ကြေညာကပ်ထားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး