အမြို့မြို့အနယ်နယ်သတင်းများ

Sep 04,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တာဝန်ရှိသူများနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က နောင်ကုလားရှမ်းရွာရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Sep 04,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Sep 04,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ မူလွန်(၃)ရှမ်းစုကျောင်း၌ လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
Sep 04,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အခြေခံစားသုံးကုန်စားအုန်းဆီများကို ပြည်သူများစျေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူစားသုံးနိုင်ရေးအတွက် နိုင်ငံတော်မှလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဆီကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းညှိနှိုင်းကာ သင့်တင့်မျှတသောစျေးနှုန်းဖြင့် စနစ်တကျရောင်းချနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ​သည်။
Sep 04,2024
စားအုန်းဆီများကို အိမ်တိုင်ရာရောက် (Door to Door) ရောင်းချပေးလျက်ရှိရာ ဆက်သွယ်ဝယ်ယူသူ ပိုမိုများပြားလာသည့်အတွက်ကြောင့် စက်တင်ဘာ (၂) ရက်နေ့မှ စတင်ပြီး မြို့နယ်များအလိုက် (Call Center)ဖုန်းလိုင်းခွဲများ တိုးချဲ့လက်ခံဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ သိရသည်။
Sep 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသုံးသူပြည်သူများအတွက် ဧည့်မထ ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းနှင့် စားသုံးဆီ (၅၀)ကျပ်သားလျှင် (၃၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
Sep 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးအထူးစီမံချက် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃)နာရီ မိနစ်(၃၀)က ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော "ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှု အန္တရာယ်သတိပြုကာကွယ်တို့ လူငယ်ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲအခမ်းနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၂) မြတ်ပညာခန်မ၌ ကျင်းပသည်။