သီတင်းကျွတ်လပြည့်နေ့ ညတွင် တောင်ကြီးမြို့ရှိ ဘုရား၊စေတီပုထိုးများတွင် ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိ

တောင်ကြီး  အောက်တိုဘာ 

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ  တောင်ကြီးမြို့ရှိဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ယနေ့  သီတင်းကျွတ်လပြည့်နေ့ညပိုင်းတွင် တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာစေတီတော်ကြီးနှင့် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတို့တွင် ဓမ္မစကြာတရားတော် များကိုရွတ်ဖတ်သရဇ္ဈာယ်ကုသိုလ်ယူကြသူများ၊ ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်ပူဇော်ကြသူများ၊ မီးပုံးပျံလွှတ်တင်ပူဇော်ကြသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)