Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆိပ်ဖြူမြို့၌ ပုံပြောခြင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 05,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ အနောက်ပိုင်းရပ်ကွက် အ.မ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်ဗဟုသုတများ စုံလင်စွာရရှိစေရန်၊ လေ့လာမှတ်သားတတ်သော အလေ့ကျင်ကောင်းများနှင့် စာဖတ်စွမ်းရည်နှင့် အပြောစွမ်းရည်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပုံပြင်ပြောခြင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တ…
Sep 05,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်ရှိ နှင်းဆီလမ်း၊ ပြည်လမ်း၊ ပြည်(၁)လမ်း၊ ခတ္တာလမ်း၊ ခတ္တာ (၁) လမ်း၊ အောင်ပန်းလမ်းနှင့် တောင်ကြီးလမ်းတို့တွင် အဓိကရေထုတ်မြောင်းနှင့် လမ်းဘေးရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လုပ်သားနှင့် စက်ယန္တရားများအသုံးပြု၍ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက ရေမြောင်းများအတွင်း အမှိုက်နှင့် သဲနုန်းများမရှိစေရေး အမြဲမပြတ်ဆောင်ရွက်ရန်၊ ရေမြောင်းပတ်ဝန်းကျင်တွင် မြက်ချုံနှင့် သစ်ကိုင်များ၊ အမှိုက်များမရှိစေရေး စနစ်တကျရှင်းလင်းဆောင်ရွက်ရန်၊ ကားလမ်းနှင့် လမ်းဘေးဝဲယာများတွင် ရေတင်ရေဝပ်ခြင်းများ မရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး ရေဆင်းမြောင်းများ ဖောက်လုပ်ထားရှိရန်တို့ကို မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့နယ် ပညာရေးမှူး(ဖလား) အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Sep 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး(ဖလား) အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက တာချီလိတ် မြို့မအားကစားကွင်းတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက လာရောက်ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် အ-လ-က-အောင်စေတနာ (၁၄၀×၃၀) ပေ RCC (၂) ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် မကွေးမြို့ ရေစီးရေ…
Sep 05,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့နယ် အောင်စေတနာရပ်ကွက် အ-လ-က-အောင်စေတနာ (၁၄၀×၃၀) ပေ RCC (၂) ထပ် ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် မကွေးမြို့ ရေစီးရေလာ ကောင်းမွန်စေရေး တက္ကသိုလ်အရှေ့ဘက်လမ်း အုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ အ.ထ.ကခွဲ(မယ်ဟုတ်)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(မယ်ဟုတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” Billboardများ စိုက်ထူ
Sep 04,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁၃)ရက်နေ့တွင် ကျရောက်မည့် (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ကော့သောင်း)မှ (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” ဗီနိုင်းပိုစတာ Billboard စိုက်ထူခြင်းများကို ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ မြို့မတံတား၊ သီရိမြိုင်ရပ်ကွက်ရှိ (၃) မိုင်အဝေးပြေးကားဝင်းနှင့် ကော့သောင်းမြို့ လေဆိပ်တို့တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ(တိုင်းဒေသကြီးအဆင့်) အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Sep 04,2024
၂၀၂၄/၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ(တိုင်းဒေသကြီးအဆင့်) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်ကြည့်ရှုအားပေး
Sep 04,2024
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2752
Page
2753
Page
2754
Page
2755
Current page
2756
Page
2757
Page
2758
Page
2759
Page
2760
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department