ကျောက်ဆည် အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် သံဃာဂုဏ်းပေါင်းစုံ ပဝါရဏာရွတ်ဖတ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ(၃)နာရီက ဆူးကုန်းရပ်ကွက် ရေနားသာမဏေကျော်ကျောင်း ဝေရီဇေယျသာသန ဝေပုလ္လကာရီ ဝိသုဂါမ မဟာသိမ်တော်ကြီးတွင် ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားကို နမောသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဘဒ္ဒန္တဇနိတဘိဝံသ ဆရာတော်ကဥတ်ထားမည့်ဆရာတော်အားအမည်မှည့်၍ အဇ္စျကသမ္မုတ္တိ ဥတ္တိဌပနာပါဠိနှင့် သံဃာ့ပဝါရဏာ ဉာတ်ထားပုံပါဠိအား ရွတ်ဆိုဥတ်ထားရန် မိန့်ကြားခဲ့ရာ မြို့နယ် အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်(၄၅၁)ပါး တက်ရောက်တော် မူခဲ့ကြောင်း သိရသည်။
ထို့နောက်၌ ပါရိသုဒ္ဓိဥပုသ်မရသည့် သံဃာတော်များမှ ဥပုသ်ပြုကြပြီး မေတ္တာသုတ်ပရိတ်တော်များရွတ် ဖတ်ပူဇော်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆုတောင်းရုပ်သိမ်းခဲ့ပြီး ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းနှင့်ဝန်ထမ်းများ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ အလှူရှင်များက ဝတ္ထုငွေများ၊ ဆွမ်းဆန်များနှင့် သံဃာအသုံးအဆောင်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။
သက်မောင်