အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် “ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုး မြှင့်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

အင်းစိန် အောက်တိုဘာ ၁၀

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် “ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိ ရတနာခန်းမတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများကရောက်ရှိရာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် “ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးပြီး ပြိုင်ပွဲယှဉ်ပြိုင်မှုအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်သူတာဝန်ရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် (၃၇)ဦး၊ အလယ်တန်းအဆင့် (၃၆)ဦးနှင့် မူလတန်းအဆင့် (၃၇)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသူများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ(၁၃)ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)