မအူပင်မြို့၌ ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

မအူပင် အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့၌ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက်(၁၀)နာရီက ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူအခွင့်အ‌ရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက် အလက်များသိရှိရန်၊ စားသုံးသည့်အစားအသောက် ကုန်ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ညီညွတ်‌စေရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေအချက်အလက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး စားသုံးသူများနစ်နာမှုရှိပါက မအူပင်ခရိုင် ဦးစီးမှူးရုံးသို့ လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မအူပင်မြို့နယ်အတွင်ရှိ ဆီလုပ်ငန်းရှင် (၁၅) ဦး တက်ရောက်ခဲ့ပြီး အသိပညာပေးဟောပြောချက်များအပေါ် မရှင်းလင်းသည်များအား ပြန်လည်မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများမှရှင်းလင်းဖြေကြားခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်