ဖြူး ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဈေးများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြန့်ဝေသည့် သတင်စကားလက်ကမ်းစာစောင်တွင် အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်ကာကွယ်တိုက်ဖျက်လက်ချင်းယှက် ဟူသော ဆောင်ပုဒ်များ၊ မူးယစ်ဆေး သုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်းများ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ် ဖွယ်ရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများအကြောင်းနှင့် အသိပညာပေးကဗျာများ၊ ကာတွန်းများ ပါဝင်ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဖြူးမြို့မဈေး၊ ညောင်ပင်သာဈေး၊ ဖြူးမြို့ပေါ်ရှိ ဆိုင်ကယ်ဂိတ်များနှင့် ပဲခူး လမ်းမကြီးတွင် ဖြတ်သွားဖြတ်လာ ပြည်သူများအား အခမဲ့ဖြန်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)