မော်လမြိုင် ဇွန် ၂၄
အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မား စေရန်ရည်ရွယ်၍
၂၀၂၁ခုနှစ်၊မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(ဖလား) အသက်(၂၅)နှစ် အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ကမော်လမြိုင်မြို့Southern Myanmar ဘောလုံးကွင်း၌ကျင်းပခဲ့ရာ ပြည်နယ် စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ (၁၀) မြို့နယ်မှ ဘောလုံးအားကစားသမား များနှင့် နည်းပြများ၊ ဘောလုံးအားကစားဝါသနာရှင်များ
တက်ရောက်ကြောင်းသိရသည်။
ဗိုလ်လုပွဲစဉ်တွင် ယှဉ်ပြိုင်ကစားမည့် ကျိုက်မရော မြို့နယ်အသင်းနှင့် ဘီလင်းမြို့နယ်အသင်းတို့က ကွင်းအတွင်းနေရာယူခဲ့ပြီး ပြိုင်ပွဲ၀င်
တစ်ဦးချင်းစီမိတ်ဆက်ကြသည်။ယင်းကဲ့သို့အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပပေးခြင်းဖြင့် မြို့နယ်အဆင့်၊ခရိုင်အဆင့်မှသည်ပြည်နယ်အဆင့်လက်ရွေးစင်
ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အမျိုးသမီးဘောလုံး အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်
ရည်ရွယ်ချက်တို့ဖြင့် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုများနှင့် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယ ဆုရရှိခဲ့သည့် အသင်းများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ ကဆုချီးမြှင့်ခဲ့ကြရာ ပထမဆုကိုကျိုက်မရောမြို့နယ်အသင်းမှလည်းကောင်း၊ ဒုတိယဆုကို ဘီးလင်းမြို့နယ်အသင်းမှလည်း
ကောင်း၊ ပူးတွဲတတိယဆုကို ပေါင်မြို့နယ် နှင့် ရေးမြို့နယ် ဘောလုံးအသင်းတို့က ရရှိကြကြောင်း သိရသည်။
ဇာဖြူဝင်း