ကျိုက်ဒုံမြို့ဝက်ဒုံကျေးရွာတွင် RS - CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရန် ဘောင်ပျိုးစနစ်ဖြင့် မျိုးစေ့ချ ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက်

ကျိုက်ဒုံ  ဇွန်  ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်အဖွဲ့များသည် ယနေ့ နံနက် ၉ နာရီက ဝက်ဒုံကျေးရွာတောင်သူဦးတင်ဝင်းလယ်ယာမြေတွင် RS - CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရန် ဘောင်ပျိုး စနစ်ဖြင့် မျိုးစေ့ချ ပျိုးထောင်ခြင်း လုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ထုတ်လုပ်ငန်းစိုက်ပျိုးခြင်းဖြင့်တောင်သူများ မျိုးကောင်းမျိုးသန့်ပွားများလာစေရေး၊ အထွက်ကောင်းမျိုးကောင်းမျိုးသန့်များ ရရှိလာစေရန်နှင့် မျိုးကောင်းမျိုးသန့်များပွားများ စိုက်ပျိုး ခြင်းဖြင့်အထွက်နှုန်းပိုမိုထွက်ရှိပြီး စားသုံးမှုဖူလှုံစေပြီး အကျိုးအမြတ်ပိုမိုရရှိလာစေရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)