အမြို့မြို့အနယ်နယ်သတင်းများ

Jun 24,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပရဟိတကျောင်းများသို့ ကျန်းမာရေးသုံးပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုများ သွားရောက် လှူဒါန်းခဲ့သည်။
Jun 24,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၁)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အနံ့ပျောက်နေသူနှစ်ဦးအား ယနေ့နံနက်ပိုင်းက စစ်ဆေးခဲ့ရာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိကြောင်း ချောင်းသာတိုက်နယ် ကျန်းမာရေးဌာန၊ ကြီးကြပ်ရေးမှူး (၁) ဦးထွန်းအောင်ကိုထံမှ သိရသည်။
Jun 24,2021
ပဲခူးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Jun 24,2021
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ အသိပညာဖွံ့ဖြိုးတိုးတက်၍ စာဖတ်သည့်အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန် က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရောင်ခြည်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 24,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင်  ယနေ့နံနက် ၁၁နာရီက အနံ့မရသဖြင့် လာရောက်ဆေးကုသမှုခံယူနေသော လူနာ(၂)ဦးအား Covid-19 ရောဂါပိုး တွေ့ရှိ ကြောင်း သိရသည်။
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊‌ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ သာသနာ ့ဗိမာန်သိမ်တော်ကြီး၌ ဇွန်လ (၂၄)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်က (၂၀၂၀)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာ‌အောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ပတ္တမြားခန်းမ၍ ကျင်းပပြုလုပ်ခဲ့သည်။