ဝါးခယ်မ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ၂၃ရက်နေ့ မွန်းလွဲ၃ နာရီခန့်ကပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး ဝါးခယ်မမြို့နယ် ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်စန္ဒာ ကသက်ငယ်မုဒိမ်းမှုနှင့် ပတ်သက် ၍ပြစ်မှုကျူးလွန်ခံရသော ကလေးများအားကူညီ ဆောင်ရွက်ပေးမှုများနှင့် ကလေးသူငယ်များနှင့် ပတ်သက်သောလုပ်ငန်းများဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အေးလွင်က ကလေးသူငယ်ဆိုင်ရာ ပြစ်မှုကျူးလွန်မှုနှင့်ပတ်သက် ၍ပြစ်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ပြီး အစည်းအဝေးတက်ရောက် လာသူကော်မတီဝင်များမှကလေးသူငယ် အခွင့်အရေးများနှင် ပတ်သက်၍ ဆွေးနွေးအကြံပြု ပြောကြားခဲ့ကြောင်းသိရသည်။
စောသန္တာဦး(ပြန်/ဆက်)