ချင်းပြည်နယ်၊ဖလမ်းမြို့တွင် COVID-19ရောဂါပိုးတွေ့ရှိသူ(၁၆၆)ဦးအထိရှိလာ

ဖလမ်း      ဇွန်    ၂၅

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် COVID-19ရောဂါပိုးရှိ/မရှိ ပြည်သူများအား  နေ့စဉ် စစ်ဆေးပေးလျက် ရှိရာ ဇွန်လ၂၃ရက်နေ့တွင် COVID-19ရောဂါပိုးရှိသူ(၁၈)ဦးနှင့် ၂၄ ရက်နေ့တွင် (၁၁)ဦးရှိကြောင်း သိရသည်။

ဖလမ်းမြို့တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ  ယနေ့အထိ (၁၆၆)ဦးရှိလာပြီဖြစ်ပြီး ( ၆၅)ဦးဆေးရုံ မှ ဆင်းခွင့်ရရှိပြီးဖြစ်ကာ (၇)ဦးသေဆုံးကြောင်း ဖလမ်းခရိုင်  ပြည်သူ့ဆေးရုံမှ သိရသည်။

ခရိုင်ပြန်ဆက်