အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2021
  ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ဂေါက်ကလပ်၌ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ် ကြောင်းသိရသည်။
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအန္တရာယ်မှ ကင်းဝေးစေရန် ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
Jun 18,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
Jun 18,2021
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်ဆောင်ရွက်လျက်ရှိသော ၂‌၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ငါးသယံဇာတမပြုန်းတီးရေး ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က သနပ်ပင်မြို့နယ် ကျိူက်ပဒိုင်လေးကျေးရွာ ကျိုက်ပဒိုင်ရေလွှဲ ပေါက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မြို့နယ်သန့်ရှင်းသာယာ လှပစေရေး၊ စိမ်းလန်းစိုပြေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် တိုးချဲ့ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိရာ အမှတ်(၂)ရပ်ကွက် မင်းဘူးလမ်းနှင့် လယ်ဦးစုလမ်း ရေနုတ်မြောင်းအား အုတ်ရေမြောင်းအသစ် ပြုလုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Jun 18,2021
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွဗကိုစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပညာရေးဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းကစတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း မြို့င် နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Jun 18,2021

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် ၁:၀၀ အချိန်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း ကျင်းပပြုလုပ်ခဲ့သည်။

Jun 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ  မြို့နယ်အရန်မီးသတ်တပ်ရင်းသည် စေတနာရှင် ပြည်သူများနှင့်ပူးပေါင်းကာ နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက်ကြသည်။