Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုဒုံမြို့နယ်၌ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်
Jun 24,2021
မွန်ပြည်နယ် မုဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ် အတွင်း ရှိရပ်ကွက်/ကျေးရွာအုပ်စုများတွင် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ယနေ့ နံနက်၉နာရီက မုဒုံမြို့နယ် တာပသွန်ကျေးရွာအုပ်စု၊ တိုက်ကျောင်းဘုန်းကြီးကျောင်း၌ ပန်းခင်းစီမံ ချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
၂၀၂၁-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ အခြေခံပညာ ကျောင်းများနှင့် လူစည်ကားရာစျေး၊ ကားမှတ်တိုင်များ၊ အနှေးယာဉ်ဂိတ်များသို့ ယနေ့နံနက် ၈ နာရီက သွားရောက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများကို အများပြည်သူများ သိရှိစေရန် ဆောင်ရွက်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာနေရာများဖြစ်သော ကားဂိတ်၊ ဆိုက္ကားဂိတ်၊ မြို့မစျေးကြီးအတွင်း အပြင်နှင့်ဈေးလမ်းမဆုံ၊ စတိုးဆိုင်ကြီးများတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံ ကပ်ထားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 24,2021
၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား မိဘပြည်သူများအနေဖြင့် သိရှိလေ့လာ မှတ်သား ရှောင်ရှားနိုင်စေရေးအတွက် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယနေ့ နံနက်ပိုင်းအချိန်က ဌာနဆိုင်ရာရုံးများ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာ မြို့မဈေးသို့သွားရောက်ကာ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်အတွင်းရှိ ကျောင်းဆရာ/မများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော နိုင်ငံ့ဝန်ထမ်းဆရာ/မများအား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ စလင်းမြို့နယ် ကျန်မာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက်၁ ၀နာရီတွင် အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များ၊ ဌာန ဆိုင်ရာများ သို့သွားရောက်၍ ဖြန့်ဝေပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းတွင် ဝန်ထမ်းအိမ်ယာဆောက်လုပ်
Jun 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအဆင်ပြေစွာ နေထိုင်နိုင်စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင်(၆ခန်းတွဲ၊၄-ထပ်) ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် မြို့နယ် ထွေ/အုပ် ဝန်ထမ်းနှင့် မိသားစုဝင်အချို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jun 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြိတ်မြို့မှ ပိုးတွေ့ လူနာနှင့် ဆက်စပ်သူများအား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ ထွေအုပ်ဝန်ထမ်း(၁)ဦးနှင့် မိသားစုဝင်(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26479
Page
26480
Page
26481
Page
26482
Current page
26483
Page
26484
Page
26485
Page
26486
Page
26487
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department