Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပင်းတယမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jul 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ထားရှိ
Jul 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ဝင်/မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဇူလိုင် ၅ ရက်နေ့တွင် စတင်၍ ပြန်လည်ထားရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသယံဇာတ ရေရှည်တည်တံတိုးတက်စေရေး တွံတေး၌ ငါးမျိုးစိုက်ထည့်ပေး
Jul 11,2021
ငါးလုပ်ငန်းဦးသီးဌာန၊ တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ရေရှည်တည်တံ တိုးတက်စေရေးအတွက် ငါးမျိုးစိုက်ထည့်မည့် စီမံချက်တို့ဖြင့် ဆောင်ရွက် လျက်ရှိပြီး ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်း မျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည် စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနက တွံတေးမြို့နယ်၊ တံခွန်တိုင် ကျေးရွာအုပ်စုရှိ ရွှေကသစ်ချောင်း သဘာဝရေပြင်သို့ ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့ ဈေး(၆)ဈေးတွင် ကိုဗစ်-၁၉ကာကွယ်ရေးအတွက် ကရိုရင်းပိုးသတ်ဆေးဖျန်းခြင်းနှင့် ခြင်အန္တရာယ်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်
Jul 11,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဈေး(၆)ဈေးတွင် ကိုဗစ်-၁၉ကာကွယ်ရေးအတွက် ကရိုရင်းပိုးသတ် ဆေးဖျန်းခြင်းနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ မွေးလူနာ ခွဲစိတ်မွေးဖွားမှု အောင်မြင်
Jul 11,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုး သမီးကို ယမန်နေ့ ညနေပိုင်းက စစ်ကွင်းတိုက်နယ်ဆေးရုံမှာ အောင်မြင်စွာခွစိတ် မွေးဖွားပေး နိုင်ခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Jul 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ရေး (Stay at Home) ကာလ နေအိမ်ပြင်ပ ဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှု ရှိ/မရှိစစ်ဆေးကြပ်မတ်
Jul 11,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ယု ဦးဆောင်ပြီး ပူးပေါင်းအဖွဲ့(၃)ဖွဲ့ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ဈေးကြိုရပ်ကွက် မီးပွိုင့်လမ်းဆုံ၌ ပြည်သူများ (Stay at Home)ကာလ နေအိမ်ပြင်ပဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား Take-away စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေး
Jul 11,2021
ယခုမြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေမှ မျိုးရိုးဗီဇပြောင်းကူး စက်ရောဂါပိုး ဝင်ရောက်ပျံ့နှံ့နေမှုကြောင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင် များအား Take-away စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26403
Page
26404
Page
26405
Page
26406
Current page
26407
Page
26408
Page
26409
Page
26410
Page
26411
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department