ကျိုင်းတုံမြို့နယ်၌ ပတ်ဝန်းကျင်းစိန်းလမ်းစိုပြေစေရေး မိုးရာသီသစ်ပင် စုပေါင်းစိုက်ပျိုး

ကျိုင်းတုံ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပတ်ဝန်ကျင်းစိန်းလမ်း စိုပြေစေရေး မိုးရာသီသစ်ပင် စုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့က ကျိုင်းတုံနည်းပညာတက္ကသိုလ်အနီး မြေကွက်လပ်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်း များနှင့်အညီ စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ကျိုင်းတုံမြို့နယ်အတွင်း လေထုသန့်စင်စေရေး၊ ရာသီဥတုမျှတစေရေး နှင့် ပတ်ဝန်းကျင် စိန်းလမ်းစိုပြေရေးတို့အတွက် ရတနာတန်းဝင် ပိတောက်ပျိုးပင် ၂၁၀ ကို ကျိုင်းတုံနည်းပညာတက္ကသိုလ်အနီး မြေကွက်လပ်တွင် စုပေါင်းစိုက်ပျိုးခဲ့ ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အနေဖြင့် ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး မိုးရာသီ သစ်ပင်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၉၆၀ ကို စိုက်ပျိုးခဲ့ပြီး ဒေသခံပြည်သူ များအား ပတ်ဝန်းကျင်စိန်းလမ်းစိုပြေစေရေး စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၇၀၀၀၀ ကျော်ကို မြို့နယ်သစ်တောဦးစီးဌာနမှ ဖြန့်ဝေ ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
အောင်ဇင်မြင့်