အမြို့မြို့အနယ်နယ်သတင်းများ

Jul 11,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါပိုး Third Wave အဖြစ် ကူးစက်မှုများ မြင့်မားလျက်ရှိပြီး ယမန်နေ့ ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြု လူနာသစ်(၃၅၅)ဦး ထပ်မံတွေ့ရှိကာ၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာပေါင်း(၁၅၈၃)ဦး အထိရှိလာကြောင်း သိရသည်။
Jul 11,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
Jul 11,2021
မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်   ကျိုက္ခမီမြို့တွင်    ကိုဗစ်-၁၉ ရောဂါကာကွယ်   ထိန်းချုပ်နိုင်ရေး အတွက် ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားသို့ ရပ်နီး၊ရပ်ဝေးမှ  ရဟန်းရှင်လူ ပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုခွင့်ကို ဂေါပကအဖွဲ့မှ ဇူလိုင် ၅ ရက်မှစတင်ပြီး ယာယီရပ်ဆိုင်းထားကြောင်း သိရသည်၊၊
Jul 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ရပ်ကွက်နှင့် ကျေးရွာများအထိ မော်တော်ယာဉ်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
Jul 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကျဆင်းမှုကြောင့် ရေကြီးခဲ့ရာမှ ယနေ့နံနက် (၄) အချိန်ခန့်တွင် ရေများ ပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရသည်။
Jul 11,2021
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပ နေစေရန်အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် Green Clean စီမံကိန်း သစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၇ နာရီ ခွဲက မိုးမိတ်-မိုင်းငေါ့လမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့အဝင် ကျန်းမာရေး စစ်ဆေးဂိတ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူ(၂)ဦးထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း အတည်ပြုလူနာ(၁၃)ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။
Jul 11,2021
တနင်္သာရီတိုင်းဒေသကြီး၊   ကော့သောင်းခရိုင်၊    ခမောက်ကြီးမြို့၊ (ခမောက်ကြီး-မာရမ်း) လမ်းပေါ်ရှိ အောင်ချမ်းသာကျေးရွာ ရွာအဝင်တွင် အလျား(၃၀)ပေခန့်ရှိသည့် ကွန်ကရစ်တံတားသည် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး  တောင်ကျရေများ ထိုးဆင်းမှုကြောင့်   ညနေ ၄ နာရီခွဲခန့်၌ တံတား၏ တစ်ဖက်တစ်ချက်စီတွင် (၁၀)ပေခန့်     ပျက်စီးခဲ့ကြောင်း သိရသည်။