မြောက်ဦး ဇူလိုင် ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ ဆရာ/ဆရာမများအား လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာ ရီက ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများမှ ထိုးနှံဆောင်ရွက်ပေးလျှက်ရှိ ကြောင်းသိရသည်။
အဆိုပါ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ် ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ကျန်းမာရေးမှူး ဦးမျိုးနိုင်ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာ ရောက်ထိုးနှံကြသည့် ဆရာ/ဆရာမများ အား လိုအပ် သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေး ပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးစတင်ထိုးနှံပေးပြီးနောက် ကာကွယ်ဆေး ထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့်အနားယူ စေခြင်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေး ခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျှက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်း များမှ ဆရာ/ ဆရာမ (၁၅၉) ဦးအား ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း