မြောက်ဦး၊ ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ နှင့် အထောက်အကူပြုကော်မတီ(၆)ရပ်တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မ တီဥက္ကဋ္ဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က ကိုဗစ်-၁၉ တတိယလိုင်းဖြစ်ပွားမှု နှုန်းသည် ယခုအခါ တဖြည်းဖြည်းတိုးတက်မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း ထို့ကြောင့် ကာ ကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သည့်အခါ ယခုထက်ကောင်းအောင် မည်ကဲ့သို့ ပိုမိုလုပ်ဆောင် သင့်သည်ကို ဆွေးနွေးကြရန်၊ လုပ်ဆောင်ကြသည့်အခါတွင်လည်း အခက်အခဲများရှိကြသည်ကို မည်ကဲ့သို့ရှုထောင့်များက ဖြေရှင်းဆောင်ရွက်ကြမည်စသည့်ကိစ္စရပ်များကို ဆွေးနွေးရန် အစည်းအ ဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မြေပြင်တွင်လုပ်ဆောင်နေသူများ အနေဖြင့် အားနည်းချက်၊ အားသာချက်များရှိနိုင်ပါကြောင်း ထိုကိစ္စများကို ညှိနှိုင်းသုံးသပ်ပြီး ပိုမို ထိရောက်ကောင်းမွန်အောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ကော်မတီများအနေဖြင့်လည်း မိမိ တို့အားပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ဆွေးနွေးပေးကြပါရန် ပြောကြားခဲ့သည်။
ထို့နောက် Community Based Facility Quarantine များစောင့်ကြည့်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းကော်မတီအနေဖြင့် အားကစား ခန်းမ၊ စာသင်ကျောင်း၊ ဓမ္မာရုံ၊ ဟိုတယ် စသော နေရာများတွင် Community Based Facility Quarantine ထားရှိနိုင်စေရန် စီစဉ်ဆောင်ရွက် ထားရှိခြင်း၊ နေအိမ်အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အသိပညာပေးရေးနှင့် သတင်း စုဆောင်းထုတ်ပြန်ရေး လုပ်ငန်းကော်မတီအနေဖြင့် အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်း များဆောင်ရွက်မည့် နေရာအားလုံးတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ရပ် ကွက်/ကျေးရွာများတွင် ပိုစတာများကပ်၍ အသိပညာပေးခြင်း၊ အသံချဲ့စက်ဖြင့် လှည့်လည် ကြော်ငြာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း စသော လုပ်ငန်းများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်းနှင့်တက်ရောက်လာကြသော ကော်မတီအသီးသီးမှလည်းမိမိ၏လုပ်ငန်းတာဝန်များ ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးသို့ ခရိုင်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အထောက်အကူပြုကော်မတီ(၆)ရပ်တို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များတက်ရောက်ကြပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများဆောင် ရွက်နိုင်ရန် ပူးပေါင်းညှိနှိုင်း ဆွေးနွေးကြကြောင်းသိရသည်။