ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးအား ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သတ်၍ တွေ့ဆုံမေးမြန်းခြင်း

မောင်တော  ဇူလိုင်  ၁၄

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံအား ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သတ်၍  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်ခန့်က တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

ထိုသို့ တွေ့ဆုံမေးမြန်းရာတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ နှင့် ပတ် သတ် ၍  မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံအား မေးမြန်းရာ  -

 

အမေး ။                   ။“ပြည်သူတွေအနေဖြင့် ကိုဗစ် ရောဂါ လက္ခဏာတွေရှိလာလျှင် ဘယ်လို ဆက်သွယ် ဆောင်ရွက်ရမလဲ ခင်ဗျ”  

 

အဖြေ ။                   ။ “ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာတွေရှိလာလျှင် မိမိကိုယ်ကို သီးသန့်နေထိုင်ခြင်း၊ မိသားစုနှင့် ရောနှောမနေရန် ၊အပြင်မထွက်ရန်နှင့် နီးစပ်ရာ ကျန်းမာရေးဦးစီးဌာနကိုဆက်သွယ်ပေးရန်လိုအပ်ကြောင်း”၊

 

အမေး ။                   ။“ကိုဗစ်-၁၉ ရောဂါသံသယလူနာတွေကို ရောဂါ ပိုးရှိ/ မရှိ ဘယ်လိုစစ်ဆေးပေးနေပါသလဲ”

 

အဖြေ ။                   ။“မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနအနေနပ်  ကိုဗစ်-၁၉ သံသယလူနာတွေကို   Standaed Q Covid-19 Antigen Test (RDT)နှင့် စစ်ဆေးခြင်း၊  ရောဂါလက္ခဏာ တွေ့ ရှိပြီး Standaed Q Covid-19 Antigen Test (RDT) နှင့် စစ်ဆေးရာ Negative ဖြစ်ပြီး သံသယဖြစ်လျှင် Polymerase chain reaction (PCR)  နှင့် ထပ်မံ၍ စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးပါတယ်”

 

 အမေး ။                  ။ “ကိုဗစ်-၁၉ ရောဂါပိုးတွေ့ပြီ ဆို လျှင် ဘယ်လိုဆောင်ရွက်ပေးနေပါလဲခင်ဗျာ”

 

အဖြေ ။                   ။“ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့လျှင်လည်း  လူငယ်များ ဖြစ်နေပါက ယာယီကုသရေးဆောင်တွင်ထားရှိခြင်း၊ အသက်အရွယ်ကြီးပြီး ရောဂါလက္ခဏာရှိသူ များအား ပြည်သူ့ဆေးရုံတွင် ကုသနေမှု အခြေအနေများ၊  ပိုးတွေ့လူနာများအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာမှ  ကုသမှု လိုအပ်လျှင် ကုသမှု ပေးပြီး  ၊ ကိုဗစ် ဖြစ်တိုင်း ဆေးသောက်သုံးရန် မလိုအပ်ကြောင်း ၊  ရောဂါပိုးတွေ့ရှိပြီး လက္ခဏာမပြလျှင်  သီးသန့် ထား ရှိ ခြင်း၊  ရောဂါလက္ခဏာရှိပြီး အောက်စီဂျင် လိုအပ်သူများကို အောက်စီဂျင်ပေးပြီး ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုပေးခြင်း များ ဆောင်ရွက်နေပါတယ်”၊

 

အမေး ။                   ။ “ပိုးတွေ့လူနာများ Quarantine ဝင်ရောက်ပါက စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေ များနှင့်  Quarantine Center များ ထားရှိမှုကို ဘယ်လိုလျာထားပါသလဲဗျ”

 

အဖြေ ။                   ။“ပိုးတွေ့ လူနာများအား သီး သန့် ထား ရှိခြင်း ၊ ပိုးတွေ့လူနာထံမှ ထပ်မံကူးစက်မှုမရှိအောင်  အနည်းဆုံး (၁၀)ရက်  ပြည်သူ့ ဆေးရုံနှင့် ယာယီ ဆေးရုံ ငယ်တို့တွင် သီးသန့် ထားရှိပါတယ်”၊

 

အမေး ။                   ။“ရောဂါပိုးတွေ့ရှိသူ နှင့်  Contact ဖြစ်သူများ အနေဖြင့်  ဘယ်လို နေထိုင်သင့်ပါသလဲ”

 

အဖြေ ။                   ။ “ရောဂါပိုးတွေ့ရှိသူ နှင့်  Contact ဖြစ်သူများ အနေဖြင့်  ဖြစ်နိုင် လျှင် မိမိတို့နေအိမ်၌  နှာခေါင်းစည်း Mask ပြီး တစ်ဦးတည်း သီးသန့် Home quarantine နေထိုင်ရန် အကြံပြုချင်ပါတယ်”

 

အမေး ။                   ။ “ဘယ်လို လက္ခဏာမျိုးပြသလျင် စိုးရိမ်ရတဲ့ အခြေအနေ ခေါ်ပါသလဲ”

 

အဖြေ ။                   ။ “ကိုဗစ် ရောဂါလက္ခဏ အနေဖြင့်  များ သောအားဖြင့် အနံ့မရခြင်း၊ ဖျားနာ ခြင်းများရှိကြောင်း   အန္တရာယ်ရှိတဲ့ လက္ခဏာ မျိုးမှရှိကြောင်း၊ အသက်အရွယ်ကြီးပြီး ကိုယ်ခံအားနည်းကာ ရောဂါ အခံရှိ သူများသည်  အသက်ရှုကြပ်ခြင်း၊ အောက်စီဂျင် ကျဆင်းများ ဖြစ်တတ်ခြင်း ၊ လှုပ်ရှားမောပန်းလာလျှင်  နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ရန် လိုအပ်ပါတယ်”

 

အမေး ။         ။“ကိုဗစ်ဖြစ်လာလျှင် ဘယ်လိုစားသောက်နေထိုင်သင့်ပါသလဲ”

 

အဖြေ။          ။“ကိုဗစ်-၁၉ အတည်ပြုလူနာများသည်  အစားအသောက်များအား ပုံမှန်စားသုံးနိုင်ကြောင်း၊  အဟာရပြည့်ဝမည့် အစား အသောက်များ၊ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များ စားသုံးရန် လိုအပ်ကြောင်း ၊  ကိုယ်ခံအား ကျဆင်း စေ သည့်  အရက် ၊ဆေးလိပ် ၊ ကွမ်းတို့ မစားသုံးသင့်ပါရှင့်” ၊

 

အမေး။          ။“ရောဂါကူးစက်ပြန့်ပွားမှု မရှိအောင် အသိပညာ ပေး လုပ်ငန်း များကို ဘယ်လို ဆောင်ရွက်ထားပါသလဲ”

 

အဖြေ။           ။ “မြို့နယ်အတွင်း အသိပညာပေးလုပ်ငန်းများကို ဆောက် ရွက် လျက်ရှိကြောင်း”

 

 အမေး ။                  ။“ယနေ့ထိ ပိုးတွေ့လူနာဦးရေ /ဆေးရုံတက်ရောက်/ဆေးရုံဆင်းလူနာဦးရေ ပြန်လည် ကျန်းမာ လာမှု အခြေအနေများကို ပြောပြပေးပါခင်ဗျာ”

 

 အဖြေ ။                  ။ “မောင်တောမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်  ဇွန် ၁၀ ရက်နေ့မှ ဇွန် ၁၂ ရက်နေ့အထိ   ပိုးတွေ့ လူနာ ၃၁၁ ဦး၊ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၇၃ ဦးရှိ ၊ သေဆုံးသူ ၅ ဦး အထိ ရှိပါတယ်”

 အမေး ။                  ။“ကာကွယ်ဆေးထိုးဖို့ ကျန်နေသူများ ထိုးနှံပေးသွားရန် စီစဉ်ထားရှိမှု အခြေအနေကိုလည်း  ပြောပြ ပေး ပါခင်ဗျာ “

 

အဖြေ ။                   ။“လောလောဆယ် ပြည်သူများအား ကာကွယ်ဆေးထိုးရန် အခြေအနေ မရှိသေး ပါ”

 

အမေး ။                   ။ “အခြား ဖြည့် စွက် ပြောကြားလိုမှုများ ရှိပါက ဖြေကြားပေးပါအုံးခင်ဗျာ”

 

အဖြေ ။                   ။ “ကိုဗစ်-၁၉ ရောဂါသည်  ကမာ္ဘနေ့ရာ  ၊ဒေသ အသီး သီးတွင် ဖြစ်ပွားနေပြီး  ကိုဗစ်-၁၉ ကာကွယ်ရန် လူတစ်ဦးတိုင်းတွင် တာဝန်ရှိပြီး ၊ မလိုအပ်ဘဲ နေအိမ်ပြင်ပ မထွက်ရန် ၊ နေအိမ်ပြင်ပ ထွက်ခွာ ပါကလည်း နှာခေါင်းစည်းတပ်ဆင်ကြလျှင်  လူတွေ အသက်ကို ကယ်တင်ရာ ရောက်ပါ ကြောင်း၊ လူတိုင်းမိမိကိုယ်ကို ကာ ကွယ်ရန် လိုအပ်ကြောင်းဖြေကြားခဲ့ပါသည်”။

 

သက်လွင်စိုး