Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိတ္ထီလာမြို့နယ်တွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth)သင်တန်းဖွင့်လှစ်
Jul 14,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth)သင်တန်းကို ယမန်နေ့ နံနက်က အိုမတွေ့ကျေးရွာတွင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ခရီးသွားကားများအား စစ်ဆေးရေးဂိတ် ဖွင့်လှစ်စစ်ဆေး
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသဖြင့် ရွှေကျင်မြို့နယ်အတွင်းသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ဇူလိုင် ၁၄ ရက်နေ့မှစ၍ အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးရှေ့တွင် မော်တော်ယာဉ်များ အား ရွှေကျင်မြို့ဝင် ဂိတ်ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦး မြို့၌ မိုးစပါး မျိုးစေ့ထုတ်တောင်သူများသို့ အရည်အသွေးကောင်းစပါးမျိုးစေ့နှင့်သွင်းအားစုများပေးအပ်
Jul 14,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မိုးစပါးမျိုးစေ့ထုတ်စံပြကွက် ၂၀ ဧက စိုက်ပျိုးမည့် တောင်သူများသို့ အရည်အသွေးကောင်း စပါးမျိုးစေ့နှင့် သွင်းအားစုများကို ပံ့ပိုးပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ကိုဗစ် ကုသရေးစင်တာအသစ်ဖွင့်လှစ်ရေးပြင်ဆင်နေမှု၊ အင်းယားစင်တာတွင် ကိုဗစ် ပိုးတွေ့လူနာများ ကုသပေးနေမှုများ ကြည့်ရှု စစ်ဆေး
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်၊ ဦးဇော်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်တွင်ကိုဗစ် ကုသရေး စင်တာ အသစ် ဖွင့်လှစ်ရန်ပြင်ဆင်နေမှု၊ မရမ်းကုန်း မြို့နယ်အင်းယား စင်တာတွင် ကိုဗစ်ပိုးတွေ့လူနာများကုသပေးနေမှုများကို သွားရောက်ကြည့်ရူ စစ်ဆေခဲ့ကြသည်။ ရှေးဦးစွာ လှိုင်မြို့နယ်ရှိ လှိုင်ကိုဗစ်ကုသရေးစင်တာတွင် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် လူနာ ၇၅၀ ကျော် ထားရှိနိုင်ရန် အိပ်ယာ၊ ခြင် ထောင်၊ ကုတင်နှင့် တစ်ကိုယ်ရေ သုံးပစ္စည်းများ ပြင်ဆင်နေမှုများ၊ အောက်ဆီဂျင်လိုအပ် သည့်လူနာ ၂၀၀ဦးစာ အောက်စီဂျင် ပိုက်လိုင်း သွယ်တန်းတပ်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးရာ အနောက် ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်စိုး၊ လှိုင်စင်တာ ကုသရေး တာဝန်ခံ ဒေါက်တာ ကိုကိုနိုင်တို့က ရှင်းလင်းတင်ပြ ကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် PPE နှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း
Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် PPE နှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ်သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်သီးနှံဧကများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပ…
Jul 14,2021
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက် မြို့နယ် အတွင်းရှိ ၂၀၂၀ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ နွားစာပြောင်းများအနက် မိုးနှမ်း (၁၂၃၂၉.၅၁) ဧက နှင့် မြေပဲ (၆၂.၂၆)ဧကအတွက် တောင်သူပေါင်း (၆၃၉၁)ဦးအား စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Jul 14,2021
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ ( ၁၉၄ )ဦးရှိပြီဖြစ်
Jul 14,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ( ၁၉၄ ) ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26367
Page
26368
Page
26369
Page
26370
Current page
26371
Page
26372
Page
26373
Page
26374
Page
26375
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department