မိုင်းယောင်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး၌ ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းအားဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ရပ်ကွက်နှင့် ကျေးရွာ များအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မော်တော် ယာဉ်(၂)စီးဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မျိုးဆက်သစ် ရောင်နီပရဟိတလူမှုကူညီရေး အသင်းဝင်များက ပူးပေါင်းပါဝင်၍ ရက်ကွက်နှင့် ကျေးရွာများ အတွင်း အသိပညာပေးနှိုးဆော်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နေထိုင်ရန်၊ လူစု လူဝေးမပြုလုပ်ရန်၊ အလှူ၊ မင်္ဂလာဆောင်နှင့် ပွဲလမ်းသဘင်များ ကျင်းပဆောင်ရွက်ခြင်း မပြုရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ နေထိုင်ပြောဆိုင်ကြရန်၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရန်လိုအပ်ပါက နှာခေါင်းစည်း(Mask)နှင့် Face Shield တပ်ဆင်ရန်၊ Hand Gel များ ဆောင်ထားရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ မကြာခဏဆ ေးကြောပေးရန်၊ မိမိအသုံးပြုပြီးသော နှာခေါင်းစည်း(Mask)များအား စနစ်တကျ စွန့်ပစ်ရန်၊ Home Quarantine ဝင်ရောက်သူများအနေဖြင့် လိုက်နာရမည့်စည်းကမ်းချက်များအား တိကျစွာ လိုက်နာသွားရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို မြန်မာနှင့် ရှမ်းဘာသာဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ လိုက်နာ ဆောင်ရွက် ခြင်း မရှိသူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီက အသိပေးကြေညာထားကြောင်း သိရသည်။
အားချာ