အိမ်မဲ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ပိုး တွေ့လူနာ(၁၆)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၁၃ ရက်နေ့ ညထုတ်ပြန်ချက်အရသိရသည်။
ပိုးတွေ့လူနာများမှာ မြို့ပေါ်ရပ်ကွက်များမှ (၁၁)ဦး ၊ကျေးရွာများမှ(၅)ဦး တို့ဖြစ်ကြပြီးလူနာများအားCovid-19 Treatment Center (အိမ်မဲမြို့၊ ရွှေလင်းယုန် အားကစားကွင်း) ၊Covid-19 Treatment Center (ရွာသစ်)သို့ လိုအပ်သော ဆေးဝါးကုသမှုများခံယူနိုင်ရန် လွှဲပြောင်းပေးပို့ပြီး ကုသပေး သွားမည် ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ပိုးတွေ့လူနာ ဇွန်လ(၂၅)ရက်နေ့မှ ဇူလိုင်လ(၁၃)ရက်နေ့ထိစုစုပေါင်း (၁၁၄)ဦး ရှိပြီး၊ ဆေးရုံဆင်းလူနာ (၈) ဦး၊လက်ရှိဆေးကုသမှုခံယူနေသူ (၁၀၆)ဦး ရှိကြောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ချစ်သက်လယ်