နမ့်ဆန် ဇူလိုင် ၁၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင် ထားရှိသူများအား ယမန်နေ့က RDT Test Kit ဖြင့် နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ တက်ကြွ လူငယ် ပရဟိတအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ရာ ကိုဗစ်(၁၉) အတည်ပြုလူနာ ထပ်တိုး(၂)ဦး ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း (၉) ဦးထိ ရှိလာကြောင်း သိရသည်။
အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Facility Quarantine Centre တွင် ထားရှိသူ (၅)ဦး လူသားအရင်းအမြစ် ဘော်ဒါဆောင် Facility Quarantine Centre တွင် ထားရှိသူ (၅)ဦး မန်မိုင်ကျေးရွာ Facility Quarantine Centre တွင် ထားရှိသူ (၁) ဦး မန်ခိုက် Facility Quarantine Centre တွင် ထားရှိသူ (၁) ဦး စုစုပေါင်း(၁၂) ဦးအား နံနက်ပိုင်းအချိန်က စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။ ဆက်လက်၍ မွန်းလွဲပိုင်းအချိန်တွင် တောင်မကျေးရွာ နေအိမ်အလွတ် တွင် ထားရှိသူ (၂) ဦး မန်ကန်ကျေးရွာအုပ်စုရှိ အမက(ဟိုခြစ်) Facility Quarantine Centre တွင် ထားရှိသူ(၂) ဦး စုစုပေါင်း(၄) ဦးအား ထပ်မံစစ်ဆေးခဲ့ရာ တောင်မကျေးရွာ နေအိမ်အလွတ်တွင် ထားရှိသူ အမျိုးသား (၂) ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့သည်။ အဆိုပါ ပိုးတွေ့လူနာများအား ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိပ်သာရှိ သီးသန့်ကုသဆောင်တွင်ထားရှိကာ ဆေးကုသမှုများ ပြုလုပ် သွားမည်ဖြစ်ပြီးမြို့နယ်အတွင်း Quarantine ဝင်ရောက်နေသူများအား စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
စည်သူမောင်မောင်