တာမိုးညဲ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံ ဒေသခံပြည်သူတစ်ဦး တွေ့ရှိရပါသဖြင့် Facility Quarantine Centre ထားရှိသည့် ကျောင်းဆောင်များနှင့် အများပြည်သူသွားလာသည့် လမ်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းအား ယမန်နေ့ညနေပိုင်းမှစတင်ပြီး တစ်မြို့လုံးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းမှ ဆောင်ရွက်ပြီး ၎င်းနေရာ၌ Quarantine Centre တွင် ဝင်ရောက်သူများ လက်ရှိအထိ ကျန်းမာလျက်ရှိကြောင်းနှင့် မြို့လုံးကျွတ် ဆေးဖျန်းခြင်းလုပ်ငန်းကို တစ်ပတ်တစ်ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခေါန်မိုင်